Fuso သည် မြန်မာနိုင်ငံတွင် တရားဝင် စတင်ရောင်းချနေပြီဖြစ်သည်။

ပထမဆုံး FUSO အရောင်းပြခန်းကို Cycle & Carriage Automobile Myanmar မှ ဖေဖော်ဝါရီ 6 ရက် 2015 ခုနှစ်တွင် တရားဝင်ဖွင့်လှစ်ခဲ့ပါသည်။ Fuso ထရပ်ကားများကို ရန်ကုန်မြို့ ကဘာအေးဘုရားလမ်းပေါ်ရှိ အရောင်းပြခန်းတွင် မိတ်ဆက်ပြသခဲ့ပါသည်။ ဝန်ဆောင်မှုပေးသည့်စင်တာသည် ရွာမညောင်လမ်းပေါ်တွင် တည်ရှိပြီး အရောင်းဝန်ဆောင်မှုနှင့် နည်းပညာအကူအညီများ ပေးဆောင်လျက်ရှိသည်။

Cycle & Carriage Automobile Myanmar ၏ အထွေထွေမန်နေဂျာ Mr. Chin Kee Min က “ရန်ကုန်ဟာ စီးပွားရေးရဲ့ အချက်အချာကျတဲ့ နေရာဖြစ်ပြီး လုပ်ငန်းသုံး မော်တော်ယာဥ်တွေ ဝယ်လိုအား မြင့်တက်လာတဲ့ ထွန်းသစ်စ စျေးကွက်များစွာကို တွေ့ခဲ့ရပါတယ်။ စျေးကွက်၏ ဤအပိုင်းကို ဖြည့်ဆည်းပေးနိုင်ပြီး အရည်အသွေး အတွေ့အကြုံနှင့် လုပ်ငန်းပိုင်ရှင်များထံ ရောင်းချပြီးနောက် ဝန်ဆောင်မှုကို ပေးအပ်နိုင်သည့်အတွက် ဝမ်းမြောက်မိပါသည်။ ကျွန်ုပ်တို့သည် ထိပ်တန်းဝန်ဆောင်မှုဖြင့် ယုံကြည်စိတ်ချရသော Fuso ယာဉ်များ၏ အစဉ်အလာကို ဆက်လက်ထိန်းသိမ်းထားရမည်ဖြစ်သည်။”

ဂေါက်သီးရိုက်ပြိုင်ပွဲနှင့်အတူ FUSO Grand Opening ကို Royal Mingalardong Golf Club ၌ ကျင်းပခဲ့ရာ ဂေါက်သီးသမား ၁၈၀ ခန့် လက်ခံကျင်းပခဲ့ပြီး စုစုပေါင်း ၁၄ ဆု ချီးမြှင့်ခဲ့သည်။